Thursday, March 21, 2013

ဂြိုဟ်သိမ် ဂြိုဟ်မွှားကြီး တစ်လုံး ကမ္ဘာဂြိုဟ် အနီးသို့ ဦးတည်လာ

အရွယ်အစား ကြီးမားသော ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီး တစ်လုံးသည် နယူးယောက် စီးတီးမြို့သို့ ဦးတည်လာနေခြင်းနှင့် ပတ်သက်၍ ၎င်းကိစ္စကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်း ရမည်ဟူသော
အချက်ကို နာဆာ အကြီး အကဲ ချားလ်စ်ဘိုလ်ဒန်က အမေရိကန် အောက်လွှတ်တော် သိပ္ပံ
ကော်မတီ၌ အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်သိမ်ဂြိုဟ်မွှားသည် ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က ရုရှားနိုင်ငံ၏ ချယ် ယက်
ဘင့်ခ်မြို့တွင် ကျရောက်ခဲ့သည့်အချင်း ၅၅ ပေခန့် ရှိသော ဥက္ကာခဲ အရွယ်အစားခန့် ဖြစ်
ကြောင်း ခန့်မှန်းထားသည်။ NASA အာကာသအဖွဲ့သည် ၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာမှ ၁၇၂ဝဝ
မိုင်အကွာတွင် ဂြိုဟ်သိမ် ဂြိုဟ်မွှားကြီး တစ်လုံးရှိ နေသည်ကို တွေ့ရှိခဲ့ကြပြီး ၎င်းဂြိုဟ်သိမ် ဂြိုဟ်မွှားကြီးသည် တဖြည်းဖြည်းနှင့် ကမ္ဘာမြေကို ဝန်းရံနေသည့် မိုးလေဝသ ဂြိုဟ်တုများနှင့်
ရုပ်မြင်သံကြား ကွန်ရက်ဂြိုဟ်တု ပတ်လမ်းများထက် ပို၍ နီးကပ်လာ ခဲ့ကြောင်းကို
 တွေ့ရှိခဲ့ကြ သည်။

0 comments:

Post a Comment