Thursday, March 21, 2013

အမေရိကန် နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံပိုင် ဝေဟင် ပိုင်နက်အတွင်း နျူကလီးယားဗုံး သယ်ဆောင် နိုင်သော B-52 ဗုံးကြဲ လေယာဉ်များ ပျံသန်း လေ့ကျင့်မှုအား မတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့

အမေရိကန် နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံပိုင် ဝေဟင် ပိုင်နက်အတွင်း နျူကလီးယားဗုံး သယ်ဆောင်
 နိုင်သော B-52 ဗုံးကြဲ လေ ယာဉ်များ ပျံသန်း လေ့ကျင့်မှုအား မတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ ပျံသန်းမှုသည် မြောက်ကိုရီးယား၏ တိုက်ခိုက်မှုများမှ တောင်ကိုရီးယားအား ကာကွယ်ပေးရန် စွမ်းရည်နှင့် ကတိပြုချက် များအား လေးနက်စေကြောင်း ပင်တဂွန်၏ ပြောရေးဆိုခွင့်ရ ဂျော့လစ်တယ်
က ပြောကြားခဲ့ ပါသည်။
နျူကလီးယား မြေအောက် စမ်းသပ်ဖောက်ခွဲမှု အပေါ် အရေးယူ ပိတ်ဆို့ခြင်းအား တုံ့ပြန်သည့် အနေဖြင့် ကိုရီးယားစစ်ပွဲ ပြန်လည် ဖြစ်ပေါ်မည်ဟု မြောက်ကိုရီး ယားက ခြိမ်းခြောက်ခဲ့ပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့အား နျူကလီးယား လက်နက်ဖြင့် လက်ဦးမှု ရယူ တိုက်ခိုက်ရန်လည်း ခြိမ်းခြောက်ခဲ့ ပါသည်။

ထိုကဲ့သို့ B-52 ဗုံးကြဲ လေယာဉ်များ လေ့ကျင့်ပျံသန်းမှု ပြုလုပ် ခြင်းသည် မိမိတို့၏ ဟန့်တားနိုင်မှု စွမ်းရည် အား မြှင့်တင်ရန် ဖြစ်ကြောင်းလည်း လစ်တယ်က ပြောကြားခဲ့ ပါသည်။( MWD )

0 comments:

Post a Comment