Wednesday, August 1, 2012

သွေးတွင်းသကြားဓာတ် ညီမျှစေရန်

သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်စေဖို့ အောက်ဖော်ပြပါနည်းလမ်းတွေကို အသုံးပြုပေးပါ။

၁။GI(glycemicindex)နည်းတဲ့ကာဗိုဟိုက်ဒရိတ်တွေကိုရွေးချယ်ပြီးအသင့်အတင့်စားပါ။
ခန္ဓာကိုယ်ထဲမှာ မြန်မြန်ချေဖျတ်ခံရတဲ့ GI မြင့် ကာဗိုဟိုက်ဒရိတ်တွေအစား ဖြည်းဖြည်း ချင်း ချေဖျက်ခံရတဲ့ GI နိမ့် ကာဗိုဟိုက်ဒရိတ်တွေကို ရွေးချယ် စားသုံးပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို နိမ့်စေပြီး ပုံမှန်ထိန်းထားပေးနိုင်ပါတယ်။

ဥပမာ - ကောက်နှံ တစ်ခုလုံးပါဝင်တဲ့ အစေ့အဆန်များ၊ အခွံမာသီး၊ အသီးအနှံ။

၂။ကောက်နှံတစ်ခုလုံးပါဝင်တာကိုသုံးမျိုးစားပေးပါ။
သွေးတွင်းသကြားဓာတ်ထိန်းရာမှာ သီးခြားစီ အာနိသင်ရှိတဲ့ Whole Grains တွေဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါကို ကာကွယ်ရာမှာ ကူညီပေးနိုင်တဲ့အတွက် ယင်းတို့ကို ရွေးချယ်စားပေးပါ။

၃။သစ်သီးနှစ်မျိုးနှင့်ဟင်းသီးဟင်းရွက်ငါးမျိုးစားပေးပါ။
သစ်သီးနှင့် ဟင်းသီးဟင်းရွက်တွေမှာ ကာဗိုဟိုက်ဒရိတ်ပမာဏ အနည်းငယ်သာပါဝင်ပြီး ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။

၎။အစာစားတဲ့အခါတိုင်းအသားဓာတ်ပါဝင်ပါစေ။
အသားဓာတ်တွေဟာ အစားအသောက်တွေအားလုံးရဲ့ GI ကို နိမ့်စေပြီး ဆာလောင်မှုကို ဖြေဖျောက်ပေးနိုင်ကာ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။

၅။ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေကိုစားသုံးပါ။
မပြည့်ဝဆီ (good fats) တွေကို စားသုံးပေးခြင်းဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပြီး ပြည့်ဝဆီ (bad fats) တွေကတော့ မထိန်းချုပ်ပေးနိုင်ဘဲ ဆိုးကျိုးတွေပေးမှာပါ။ ဒါ့ပြင် good fats တွေကို စားသုံးပေးခြင့်ဖြင့် အစားအသောက်တွေ အားလုံးရဲ့ GI ကို နိမ့်သွားစေပါတယ်။

၆။အစားအစာများကိုအနည်းငယ်သာစားပါ။
သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအသောက်တွေသာ အနှောင့်အယှက်ပေးတာ မဟုတ်ပါဘူး။ GI နိမ့်တဲ့ အစားအသောက်တွေဖြစ်ပေမယ့် များများစားမိရင် ကယ်လိုရီတွေ များလာမှာပါပဲ။ ကယ်လိုရီ လျှော့ချစားပေးခြင်းဖြင့် insulin resistance ကို တိုက်ခိုက်နိုင်ပြီး လေ့ကျင့်ခန်းပါတွဲလုပ်ရင် ကိုယ်အလေးချိန်ကိုပါ လျော့ကျစေမှာပါ။

၇။အက်ဆစ်ဓာတ်ပါဝင်တဲ့အစားအသောက်တွေကိုပါထည့်သွင်းစားသုံးပေးပါ။
ချဉ်တဲ့အသီးတွေကို စားပေးခြင်းဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့ ရိုးရှင်းသော နည်းလမ်းကောင်းတစ်ခုပါပဲ။

Ref: Good Health

0 comments:

Post a Comment