Wednesday, August 1, 2012

သင့်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို တကယ်ပဲ ရရှိရဲ့လား

အောက်ပါ အာဟာရဓာတ်ငါးမျိုးဟာ ကိုယ်အလေးချိန်လျော့ကျစေဖို့၊ စွမ်းအင်တက်စေဖို့နဲ့ နှလုံးရောဂါကာကွယ် ထိန်းချုပ်နိုင်ဖို့ ပါဝင်ကူညီပါတယ်။

၁။ဗီတာမင်ဒီ
အရိုးအကြောစနစ် ကြံ့ခိုင်သန်မာဖို့အတွက် အဓိကလုပ်ဆောင်ပေးတဲ့ ဗီတာမင် ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ဗီတာမင်ဒီ ချို့တဲ့သူတွေဟာ နှလုံးရောဂါထခြင်း ဒါမှမဟုတ် လေဖြတ်ခြင်းဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းနဲ့ အထက်ရှိကြောင်း သိရပါတယ်။ ဗီတာမင်ဒီဟာ သွေးလွှတ်ကြောရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ရှိတာကြောင့်ပါ။

ဗီတာမင်ဒီလိုအပ်ရခြင်း
ခန္ဓာကိုယ်ဟာ နေရောင်ခြည် UVB နဲ့ ထိတွေ့ပြီးတဲ့အချိန်မှာ ဗီတာမင်ဒီကို ထုတ်လွှတ် ပါတယ်။ အိမ်ထဲမှာပဲနေပြီး နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းတဲ့သူတွေဟာ နေရောင်ခြည် ကနေ ဗီတာမင်ဒီ လုံလုံလောက်လောက် ရရှိနိုင်ဖို့မလွယ်ပါဘူး။

ဗီတာမင်ဒီလုံလောက်စွာရရှိစေရန်
အရင်ဆုံး သင့်ရဲ့သွေးထဲက 25-hydroxyvitamin D ပမာဏကို စစ်ဆေးဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ 30 mg per litre အထက်ရှိဖို့ လိုအပ်ပါတယ်။ တကယ်လို့ နည်းနေရင်တော့ နေ့စဉ် ဗီတာမင်ဒီ ၁၄၀၀ IU ကို မှီဝဲပေးဖို့ လိုအပ်ပါတယ်။

၂။မဂ္ဂနီဆီယမ်
မဂ္ဂနီဆီယမ်ဟာ ခန္ဓာကိုယ် လုပ်ငန်းဆောင်တာ ၃၀၀ ကျော်မှာ ပါဝင်လုပ်ဆောင် နေပါတယ်။ အမေရိကန် အာဟာရဂျာနယ်ရဲ့ လေ့လာမှုအရ မဂ္ဂနီဆီယမ် ပမာဏ လျော့နည်းပါက နှလုံးရောဂါဖြစ်စေတဲ့ သွေးထဲက Creactive Protein ပမာဏကို များပြားစေကြောင်း ဆိုပါတယ်။

မဂ္ဂနီဆီယမ်လိုအပ်ရခြင်း
အမျိုးသားတွေဟာ တစ်နေ့မှာ မဂ္ဂနီဆီယမ် ၄၀၀ မီလီဂရမ် ရရှိဖို့လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ် လုံလုံလောက်လောက် မရရှိရင် ခန္ဓာကိုယ်ထဲက ဆဲလ်တွေဟာ စွမ်းအင်ထုတ်လုပ်နိုင်စွမ်း လျော့နည်းသွားပါတယ်။

မဂ္ဂနီဆီယမ်လုံလောက်စွာရရှိစေရန်
မဂ္ဂနီဆီယမ် ပေါကြွယ်ဝတဲ့ ဟဲလိဘတ်ငါး၊ အပြာရောင်ပဲတွေကို စားပေးပါ။ အမျိုးသားအနည်းစုမှာသာ အစားအစာကနေ မဂ္ဂနီဆီယမ် လုံလုံလောက်လောက် ရရှိနိုင်တာကြောင့် အမျိုးသားအများစုအနေနဲ့ အားဖြည့်ဆေးမှီဝဲဖို့ လိုအပ်ပါတယ်။

၃။ဗီတာမင်ဘီတွဲလ်
ဦးနှောက်ရဲ့ ကျန်းမာရေးအတွက် ဗီတာမင်ဘီတွဲလ်က အရေးပါပါတယ်။ ဗြိတိန် လေ့လာမှုတစ်ခုအရ ဗီတာမင်ဘီတွဲလ် အနည်းဆုံးရှိသူ သက်ကြီးအမျိုးသားတွေဟာ အမြင့်ဆုံး ပမာဏရှိသူတွေနဲ့ယှဉ်ရင် ငါးနှစ်အတွင်း ဦးနှောက်ထုထည် မြန်မြန်ဆန်ဆန် ကုန်ဆုံးနေကြောင်း သိရပါတယ်။ ဗီတာမင်ဘီတွဲလ်ဟာ အာရုံကြောစနစ်နဲ့ သွေးနီဆဲလ်တွေရဲ့ ပုံမှန်လုပ်ငန်းတွေမှာ အရေးပါတဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။

ဗီတာမင်ဘီတွဲလ်လိုအပ်ရခြင်း
အမျိုးသားအများစုဟာ နေ့စဉ် ဗီတာမင်ဘီတွဲလ် 2.4 mcg မှီဝဲရင်တောင် လုံလောက်တဲ့ ရရှိမှုမဟုတ်ပါဘူး။
သူတို့ဟာ ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုကြောင့် ဗီတာမင်ဘီတွဲလ် ချို့တဲ့မှုများရတာ ဖြစ်ပါတယ်။

ဗီတာမင်ဘီတွဲလ်လုံလောက်စွာရရှိစေရန်
ဗီတာမင်ဘီတွဲလ်ကို ဆဲလ်မွန်ငါးနဲ့ အခွံမာငါးတွေကနေ အဓိက ရရှိနိုင်သလို အားဖြည့် ကွေကာကလည်း ရနိုင်ပါတယ်။ အသားကနေရရှိတဲ့ ဗီတာမင်ဘီတွဲလ်ဟာ ပရိုတင်းဓာတ် ပါဝင်တဲ့အတွက် အစာအိမ်ကနေ အက်စစ် ထုတ်လုပ်မှုများပြီး ဘီတွဲလ်စုပ်ယူနိုင်စွမ်းလည်းပိုကောင်းပါတယ်။ဒါကြောင့်နံနက်တိုင်း နို့နဲ့ ဗီတာမင်ဘီတွဲလ် အားဖြည့်ကွေကာ တစ်ဖန်ခွက်သောက်ပေးပါ။

၎။ပိုတက်စီယမ်
ပိုတက်စီယမ်မရှိရင် နှလုံးက မခုန်နိုင်ပါဘူး။ ကြွက်သားတွေကလည်း ကျုံ့နိုင်၊ ဆန့်နိုင် ခြင်း မရှိတော့ပါဘူး။ ဦးနှောက်ကလည်း စာကြောင်းတွေကို ဖတ်ရှုနားလည်နိုင်စွမ်း ရှိတော့မှာ မဟုတ်ပါဘူး။ အကြောင်းရင်းကတော့ ပိုတက်စီယမ်ဓာတ်ဟာ စွမ်းရည်ရဖို့ အတွက် ဆဲလ်တွေရဲ့ ဂလူးကို့စ်အသုံးပြုမှုကို အကူအညီပေးနေတာကြောင့်ပါ။

ပိုတက်စီယမ်လိုအပ်ရခြင်း
အာဟာရဆိုင်ရာ စစ်တမ်းများအရ ငယ်ရွယ်တဲ့ အမျိုးသားတွေဟာ တစ်နေ့မှာ သတ်မှတ်ပိုတက်စီယမ် ၄၇၀၀ မီလီဂရမ်ရဲ့ ၆၀-၇၀ ရာခိုင်နှုန်းမှီဝဲဖို့လိုအပ်ကြောင်းသိရပါတယ်။ပိုဆိုးတာကအမျိုးသားအများစုမှာဆိုဒီယမ်ပမာဏများနေတာပါပဲ။ဆိုဒီယမ်ပမာဏများနေရင် သွေးဖိအားမြင့်တက်စေပြီး ပုံမှန်ပိုတက်စီယမ်ကို လျှော့ချနိုင်ဖို့ ပိုပြီးလုပ်ဆောင်ရပါတယ်။

ပိုတက်ဆီယမ်လုံလောက်စွာရရှိစေရန်
ပိုတက်စီယမ် ၅၀၀ မီလီဂရမ် နီးပါးပါဝင်တဲ့ ထောပတ်သီးတစ်ခြမ်းစားပါ။ ပိုတက်စီယမ် ၄၀၀ မီလီဂရမ်ခန့် ပါဝင်တဲ့ ငှက်ပျောသီး တစ်လုံးစားပါ။ အာလူးတစ်ခွက်မှာလည်း ပိုတက်စီယမ် ၁၆၀၀ ပါဝင်ပါတယ်။

၅။အိုင်အိုဒင်း
သိုင်းရွိုက်ဂလင်းကနေ T3 နဲ့ T4 ဟော်မုန်းထုတ်လုပ်ဖို့ အိုင်အိုဒင်းဓာတ် လိုအပ်ပါတယ်။ အဲဒီ ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ကနေ ကယ်လိုရီလောင်ကျွမ်းနိုင်အောင်ကူညီထိန်းချုပ်နိုင်ပါတယ်။ခန္ဓာကိုယ်မှာ အိုင်အိုဒင်းဓာတ် မလုံလောက်ရင် ကိုယ်အလေးချိန်တက်စေပြီး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

အိုင်အိုဒင်းလိုအပ်ရခြင်း
အိုင်အိုဒင်းဆားတွေက အိုင်အိုဒင်းဓာတ်ရနိုင်ဖို့ အရေးကြီးတဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆားအများစုမှာ FDA က သတ်မှတ်ထားတဲ့ အိုင်အိုဒင်းပမာဏထက် လျော့နည်း နေကြောင်း တက်ဆက်တက္ကသိုလ် သုတေသီတွေက ဆိုပါတယ်။

အိုင်အိုဒင်းလုံလောက်စွာရရှိစေရန်
ဆိုဒီယမ်ပါတဲ့ အစားအစာတွေပေါ်မှာ ဆားဖြူးပြီးစားတာက စိတ်ကူးကောင်းမဟုတ်ပါဘူး။ အိုင်အိုဒင်းဓာတ်ကို ဆိုဒီယမ် မပါတဲ့ နွားနို့ကနေလည်း ရနိုင်ပါတယ်။ နွားနို့မသောက် ချင်ရင် ဥအမျိုးမျိုး ဒါမှမဟုတ် ဒိန်ချဉ် အနည်းဆုံး တစ်မျိုးတော့စားပေးပါ။ ယင်းတို့ထဲမှာ အိုင်အိုဒင်းဓာတ် များစွာပါဝင်ပါတယ်။

Ref: Good Health

0 comments:

Post a Comment