Sunday, March 24, 2013

တောင်ကိုရီးယား နိုင်ငံသို့ ကျူးကျော် ဝင်ရောက်ပြီး အမေရိကန် နိုင်ငံသားများကို ဓားစာခံ အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပုံ ဗီဒီယိုကို မြောက်ကိုရီးယား ပြသ

မြောက်ကိုရီးယား နိုင်ငံသည် ၄င်း၏ လေထီး တပ်သားများအား တောင်ကိုရီးယား နိုင်ငံအတွင်း ဆင်းသက်ပြီး ၄င်းနိုင်ငံ အတွင်း နေထိုင်သော အမေရိကန် နိုင်ငံသား ထောင်ပေါင်း များစွာကို ဓားစာခံ အဖြစ် ခေါ်ဆောင်သွားပုံကို ရိုက်ကူးထားသည့် ဝါဒဖြန့်ချိရေး ဗီဒီယို ဇာတ်ကားကို မတ်၂၂ ရက်က ထုတ်လွှင့် ပြသခဲ့သည်။
"A Short, Three-Day War" အမည်ရှိ လေးမိနစ်ကြာ ဗီဒီယိုပြကွက်တွင် ဒုံးကျည်များ၊ အမြောက်များနှင့် ဇာတ်ကားကို စတင်ထားပြီး နောက်ပိုင်းတွင် အင်အား ကြီးမားသည့် မြေပြင်နှင့် ဝေဟင် စစ်ဆင်ရေးဖြင့်
မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များက နယ်စပ်အား ဖြတ်ကျော် ဝင်ရောက်လာပုံကို ရိုက်ကူး ထားသည်။

ယင်းဇာတ်ကားကို နိုင်ငံပိုင် မီဒီယာမှ ဝါဒဖြန့်ချိခြင်းနှင့် သတင်းများကို ထုတ်လွှင့် ပေးနေသည့် မြောက်ကိုရီး
ယား နိုင်ငံ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော Uriminzokkiri ဝက်ဘ်ဆိုက်တွင် ပြသ ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် လက ပြုလုပ်ခဲ့သော နျူကလီးယား စမ်းသပ်မှုအပေါ် ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုနှင့်
တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှု အပေါ် တုံ့ပြန်ရန် အတွက် မြောက်ကိုရီးယား
နိုင်ငံမှ ခြိမ်းခြောက်မှုများ ပြုလုပ်လျက် ရှိပြီး ကိုရီးယားကျွန်းဆွယ်အရေး တင်းမာမှုများ မြင့်တက်
နေချိန်တွင် ယင်းဗီဒီယို ဇာတ်ကား ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မြောက်ကိုရီးယား နိုင်ငံသည် ဂျပန်နိုင်ငံနှင့် ဂူအမ်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းများ အပေါ် တိုက်ခိုက်မှုများ ပြုလုပ် သွားမည်ဟု မတ် ၂၁ ရက်က ခြိမ်းခြောက် ခဲ့သည်။

ယင်းဇာတ်ကား၏ ဇာတ်ကြောင်းပြန် သူက အမေရိကန် ပစိဖိတ် ကွပ်ကဲမှု ဌာနချုပ် အောက်ရှိ တပ်ဖွဲ့ဝင် များကို စွမ်းအားပြင်း လက်နက်များဖြင့် တိုက်ခိုက်မှုများ အပါအဝင် ကျူးကျော် တိုက်ခိုက်မှု ပုံစံ အမျိုးမျိုး
ကို ဖော်ပြခဲ့သည်။

ယင်းဇာတ်ကားတွင် မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များသည် ဆိုးလ်မြို့ကို သိမ်းပိုက်ပြီး အမေရိကန် နိုင်ငံသား ၁၅ဝဝဝဝ ဦးကို ဓားစာခံ အဖြစ် ခေါ်ဆောင် သွားပုံကို မြင်တွေ့ ရမည်ဖြစ်ကြောင်း ဇာတ်ကြောင်းပြန် သူက
 ပြောကြားခဲ့သည်။(MWD)

0 comments:

Post a Comment