Monday, October 1, 2012

Dol Luang အတွင်း တွင်းထွက် စမ်းသပ်ထုတ်ဖော်

Dol Luang (ဒေါလ်လွင်) ကျေးရွာအုပ်စုအတွင်းရှိ တွင်းထွက်ဆိုင်ရာ စမ်းသပ်တူးဖော်မှုတစ်ရပ်ကို ပြု လုပ်ရန် သဘောတူကြောင်း ကျေးရွာ (3) မှ အုပ်ချုပ်ရေးမှူးများ လက်မှတ်ရေးထိုးထားသော်လည်း ဒေသခံ ပြည်သူများမှ ကန့်ကွက်ခဲ့ပါက ယင်း သဘောတူညီမှု လက်မှတ်ကို အချိန်မရွေး ပြန်လည် ရုပ် သိမ်းမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက T ပြော ကြားခဲ့သည်။

ယင်းလက်မှတ်ကို ဇူလိုင်လ (၂၁) ရက်နေ့တွင် တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ရေးထိုးရခြင်းဖြစ် ကြောင်း၊ မည်သည့် ကုပ္မဏီက စမ်းသပ်တူးဖော်မည်ကို မြို့နယ် အုပ်ချုပ်ရေးမှူးမှ ပြောကြားခြင်း မရှိ ကြောင်း စမ်းသပ်တူးဖော်မည့်ကိစ္စကို ပွင့်လင်း ရာသီတွင် စတင်မည် ဖြစ်ကြောင်း ယင်း၏ ပြောပြချက် အရ သိရှိရသည်။

ဇူလိုင် (၂၀) ရက်နေ့ကို အမှီလာဖို့ ကျုပ်တို့ကို အရေးတကြီးခေါ်ခဲ့တယ်။ (၂၁) ရက်နေ့မှ ရုံးတက်ပြီး ထိုး ခဲ့ရတာဖြစ်တယ်။ မြို့အုပ်ကိုတော့ ကျုပ်တို့ လက်မှတ်ထိုးပေမယ့် ဆရာ့အတွက် အဆင်ပြေအောင် ဆိုပြီး ထိုးတာ၊လူထုက ဘယ်လိုသဘော ရှိမလဲ ဆိုတာကိုတော့ တို့မပြောတတ်ဘူး။ လူထုဆန္ဒအရ ပြန်ပြီး ရုပ်သိမ်း ဖြစ်ရင်လည်း ရုပ်သိမ်းဖြစ်မယ်လို့ ကျုပ်တို့ အဖွဲ့ကပြောလိုက်တယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ရဲ့လက်မှတ်ထိုးပြီးတော့ ကျေးရွာ တံဆိပ်တုံးကို ရိုက်ခဲ့ရတယ်- ယင်းက ပြောကြားခဲ့သည်။

မြို့နယ် အုပ်ချုပ်ရေးမှူးကတော့ မင်းတို့ သဘောတူတယ် ဆိုရင်တော့ ကျေးရွာတွေဆီကို ကတ္တရာလမ်း အပြည့်ခင်းပေးမယ်။ အလုပ်သမား အဖြစ်လည်း ဒေသအတွင်းက လူတွေကို ဦးစားပေးမယ်။ နင်တို့ အနေနှင့် ရွေ့ပြောင်းတောင်ယာခုတ်စရာ မလိုတော့ဘူးပေါ့လို့တော့ ပြောသွားတယ်။ ခံစားခွင့် နှင့် ပတ်သက်ပြီးတော့ အာမခံလုပ်ထားတဲ့ စာရွက်စာတမ်းတွေလည်း ပေးမထားပါဘူး။ ပြီးတော့ ကျုပ်တို့ လက်မှတ်ထိုးထားတဲ့ စာရွက်ကိုလည်း မိတ္တူမရခဲ့ပါဘူး- ဟု ယင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦး စည်သူ အောင် နှင့် တွေ့ဆုံရာတွင် ပြောကြားချက်များ နှင့် သူ၏သုံးသပ်ချက်များ ကို ပြောကြားခဲ့သည်။

ယခု စမ်းသပ်တူးဖော်မည့်နေရာသည် မိုင်နွဲ မှ နှစ် မိုင်ခွဲခန့်အကွာတွင် ဖြစ်ပြီး ပေါင်ဒါ ရိုင်းကျောက်များ ဖြစ်နိုင်သည်ဟု ဒေသခံ တစ်ချို့မှ ပြောကြပါသည်။

ယခု လက်မှတ်ထိုးတာနှင့် ပတ်သက်ပြီး သက်ဆိုင်သူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက လက်မှတ် မထိုး ဘဲ နေလို့ရ/မရမေးရာတွင် အုပ်ချုပ်ရေးမှူးမှ အထက်ကလောတဲ့စီးမံကိန်းဖြစ်တယ်။ နင်တို့အနေ နှင့် ဘဘောမတူလဲ လုပ်ကြမှာပါပဲ ဟုပြောလိုက်ကြောင်း တခြား ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်ကို ဖုန်းဖြင့် မေးမြန်းရာမှ သိရှိခဲ့ရသည်။

ယင်း သဘောတူ ညီချက်တွင် လက်မှတ်ထိုးခဲ့ရသူများမှာ Thangsan (ထန်စန်ရွာ)မှ Pu Gin Khan Thang ဦးဂင့်ခန့်ထန်၊Mual Zang Khua (မွါလ်ဇန်ရွာ) မှ Pu Khup Khan Khual နှင့် Dol Luang Khua (ဒေါလ်လွင်ရွာ)မှ Pu Suan Do Pau တို့ဖြစ်ပြီး အုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ Suang Dawh Khua (ဆွောင်းဒေါရွာ) အုပ်ချုပ်ရေးမှူး ဦးထောင်းခန့်ခွါလ်မှာ လူမှုရေးကိစ္စ တစ်ခု ကြောင့် မတက်ရောက်နိုင်ခဲ့ ကြောင်းသိရှိ ရပါသည်။
ဒေါလ်လွင်သည် ချင်းပြည်နယ်၏ လက်ဖက် အများထုတ်လုပ်ရာ ဒေသဖြစ်ပြီး ယခု တူးဖော်မည့်နေရာ များသည် မြွေတောင်၊ ဖားတောင်တို့၏ ကလေးဘက်ကျသောတောင်မှ ပေါင်ဒါ ကျောက်ရိုင်းများဖြစ် မည်ဟုလည်း ခန့်မှန်းသူများ လည်းရှိသည်။

0 comments:

Post a Comment