Friday, September 7, 2012

မလေးရှားတွင် ချင်းလူမျိုး တစ်ဦး ကိုယ့်ကိုယ်ကိုသတ်သေမှုဖြစ်


၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ချင်းလူမျိုးတဦး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေမှု တခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ- ချင်းပြည်၊ ထန်တလန်မြို့နယ်၊ ငဖိုင်ပီးကျေးရွာနေ Pu Sero နှင့် Pi E Zei တို့၏ တတိယ မြောက်သား Salai Va Pai (အသက် ၂၄နှစ်) သည် သြဂုတ် (၃၁) ရက်၊ ည (၉) နာရီခန့်တွင် အခန်းဖော် များ မရှိချိန်တွင် ထိုသို့ ကိုယ့်ကိုယ်ကို ဆွဲကြိုးချ သတ်သေခဲ့ခြင်းဖြစ်သည်။ သူ၏ အခန်းဖော်များမှာ- သူ့၏ အကိုအရင်းများဖြစ်ကြသော- Salai Madau, Salai Mata Mapaw တို့နှင့် အတူ အခန်းတခုတည်း တွင် နေထိုင်ကြပြီး၊ အကိုများ အပြင်ထွက်ချိန်တွင် ထိုသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မည်သည့်စိတ်ဖိစီးမှုကြောင့် ယခုကဲ့သို့ သတ်သေသည်ကို မသိရှိကြသေးပြီး၊ အကိုများ ပြန်အလာတွင် သေနေပြီဖြစ်သော Salai Va Pai ၏ အလောင်းကိုသာ တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ အလောင်းအား ရဲများမှ ယူဆောင်သွားကြသည်ဟု သိရပြီး၊ အသုဘချမည့် အစီအစဉ်အားလည်း မသိရှိရသေးပေ။

ကွယ်လွန်သူ- Salai Va Pai (၂၄ နှစ်) သည် မလေးရှားနိုင်ငံတွင် နေထိုင်နေသည်မှာ (၃) နှစ်ခန့် ကြာ မြင့်ပြီဟု သိရသည်။

Thu puak : Salai Biesoh Deitu

0 comments:

Post a Comment