Saturday, August 25, 2012

ဆန်ဖြူ ဆန်ချော စားသုံးမှုများလျှင် ဆီးချိုရောဂါ ဖြစ်ပွားစေနိုင်



နယူးယောက် ဇွန် ၁၉ - ဆန်ဖြူ ဆန်ချောအစား ဂျုံကြမ်းပေါင်မုန့်ကို စားသုံးခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားမှု သုံးပုံတစ်ပုံ လျော့ကျနိုင်မည် ဖြစ်ကြောင်း အမေရိကန် ကျန်းမာရေးစစ်တမ်း ကောက်ယူသူများက ပြောကြားသည်။

ဖြစ်ပွားလာနိုင်
ဆန်ဖြူ ဆန်ချော များများ စားသုံးခြင်းကြောင့် သွေးထဲတွင် သကြားဓာတ် များလာပြီး ဆီးချိုရောဂါ ဖြစ်ပွားလာနိုင်ကြောင်း ဟားဗတ် တက္ကသိုလ်မှ သုသေသီများက ပြောကြားသည်။ ဆန်လုံးညိုနှင့် အခြားသော ဂျုံနှင့် လုပ်သော အစားအစာများသည် ဂလူးကို့စ်ပါဝင်မှု နည်းသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

လေ့လာတွေ့ရှိ
အမေရိကန်နိုင်ငံတွင် ဆန်ဖြူဆန်ချော စားသုံးသော လူနှစ်သိန်းနီးပါးကို ဆီးချိုရောဂါ အဆင့်(၂)နှင့် ဆက်နွယ်နေမှုအပေါ် အခြေခံလျက် သုတေသနပြု လေ့လာခဲ့ခြင်း ဖြစ်သည်။ တစ်ပတ်လျှင် ဆန်ဖြူ ဆန်ချော ဂရမ်၁၅၀ စားသုံးသူများထက် တစ်လ လက်ဖက်ရည် ပန်းကန်တစ်လုံးစာ စားသုံးသူများနှင့် နှိုင်းယှဉ်ကြည့်ရာ ဆန်ဖြူ ဆန်ချော စားသုံးမှုများသူများမှာ ဆီးချိုဖြစ်ရန် ၁၇ ရာခိုင်နှုန်း ပိုများသည်ကို လေ့လာ တွေ့ရှိ ရသည်ဟု ဆိုပေသည်။
Ref: New Light of Myanmar

0 comments:

Post a Comment