Saturday, August 25, 2012

အစားအသောက်များတွင် ပါဝင်သော ဓာတ်များ


နေ့စဉ်စားသောက်နေတဲ့ အစားအေသာက်တွေထဲမှာ ဓာတ်တိုး ဆန့်ကျင်တဲ့ ဓာတု ဒြပ်ပေါင်း ပြည့်ဝတဲ့ အစားအစာ antioxidant-rich meals တွေပါဝင်သလို အချိုဓာတ်များပြီး သွေးချိုကို မြင့်မားသွားစေနိုင်တဲ့ အစားအသာက်များလည်း ပါဝင်ပါတယ်. . မိမိနေ့စဉ် စားသောက်ရာမှာ ဘယ်အစားအစာမှာဖြင့် ဘယ်လိုဓာတ်မျိုး ပါဝင်တယ် . . . . စားသင့်၊ မစားသင့် ကျန်းမာရေးနဲ့ ကိုက်၊ မကိုက် ချင့်တွက်နိုင်ဖို့ဓာတ်သဘာဝအုပ်စုအလိုက်ဖော်ပြလိုပါတယ်...

ကောင်းသောကာဗိုဟိုက်ဒရိတ်ပါဝင်သောအစားအစာများ(GoodCarbohydrates)

ကညွတ် ၊ ပဲတောင့်၊ ပန်းဂေါ်ဖီစိမ်း၊ နက်ပြာရောင် ဘလူးဘယ်ရီသီး၊ ဂေါ်ဖီထုပ်၊ သံပရာမျိုးဝင်အသီးများ၊ သခွားမွှေးသီး၊ ကီဝီသီး၊ အစိမ်းရောက်ရှိသော ဟင်းရွက်များ၊ မက်မွန်သီး၊ သစ်တော်သီး၊ မက်မန်းသီး၊ ဒေါက်ခွရွက်၊ ကော်ကဲ့သို့ ချွဲပျစ်မှုမရှိသော ဟင်းသီးဟင်းရွက်အမျိုးမျိုးစသည်တို့ဖြစ်ပါတယ်. .

ဆိုးသောကာဗိုဟိုက်ဒရိတ်ပါဝင်သောအစားအစာများ(BadCarbohydrates)
ငှက်ပျောသီး၊ ပေါင်မုန့်၊ မုန်လာဥ၀ါ၊ သကြားပါသော ကွေကာအုပ်၊ ဂျုံ၊ ပြောင်း၊ အသီးဖျော်ရည်များ ၊ သရက်သီး ၊ကြက်ဥ၊ နွားနို့၊ ဂျုံမှုန့် ရောမွှေကြော်ထားသော မုန့်၊ သဘောင်္သီး ၊ အာလူး၊ ဆန်(ထမင်း)၊ သကြား၊ အီတလီခေါက်ဆွဲခြောက် ၊ အိုးကင်းနှင့် ဖုတ်ရသော မုန့် စသည်တို့ဖြစ်ပါတယ်. .

ဓာတ်တိုးဆန့်ကျင်သည့်ဓာတုဒြပ်ပေါင်းပြည့်ဝသည်အစားအစာများ(AntioxidantBestBets)
ထောပတ်သီး၊ ဘယ်ရီသီး၊ ငရုတ်ကောင်း၊ သခွားမွှေးသီး၊ အစိမ်းရင့်ရောင် ရှိသော ဟင်းရွက်(ဥပမာ-ကိုက်လန်ရွက်) လိမ္မော်သီးအရောင် (အ၀ါရင့်ရောင်)ရှိသစ်သီးဖျော်ရည်များ ၊ နာနတ်သီး ၊ဆာလ်မွန်ငါး (အစိမ်း၊ အကင်၊ အပြုတ်) ၊ ခရမ်းချဉ်သီး တို့ ဖြစ်ပါတယ်. .

0 comments:

Post a Comment