Thursday, May 2, 2013

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၌ လေပြင်းများ တိုက်ခတ် လူနေအိမ်များ ပျက်စီး

 စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၌ ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှ ၃ နာရီ ၄၅ မိနစ်အထိ တစ်နာရီမိုင် ၆ဝ နှုန်းဖြင့် လေပြင်း တိုက်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေပြင်း တိုက်ခတ်မှုကြောင့် မုံရွာမြို့၊
ကျောက္ကာ လမ်းနှင့် ဗိုလ်ချုပ်လမ်း တစ်လျှောက်ရှိ သစ်ပင်ကြီးများ လဲကျ ကျိုးပဲ့ခဲ့ရာ ဂျစ်ကားတစ်စီး ပျက်စီးပြီး လူ နေအိမ်နှင့် အဆောက်အအုံ အချို့ အမိုးလန် ပျက်စီးခဲ့သည်။

ထို့အပြင် လမ်းမီးတိုင်များ လဲကျခဲ့၍ ဓာတ်အားလိုင်းများ ခေတ္တ ပြတ်တောက် ခဲ့ကြောင်းနှင့် လူများ ထိခိုက်မှု မရှိကြောင်း သိရသည်။ နယ်မြေခံ တပ်မတော် သားများက လေပြင်း တိုက်ခတ်မှု ဖြစ်ပွားရာ နေ ရာသို့ သွားရောက်၍ အပျက်အစီးများ ရှင်း လင်းခြင်းနှင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။(MWD)

0 comments:

Post a Comment