Saturday, August 25, 2012

သင့်မီးဖိုချောင်မှ ရောဂါနှစ်မျိုးကုသနိုင်သော အစားအသောက်များ


၁.ဒိန်ချဉ် (Yogurt)
အစာခြေဖို့အတွက် အသုံးပြုနိုင်ပါတယ်
- ဒိန်ချဉ်မှာ ပါဝင်တဲ့ လူ့အကျိုးပြု ဘက်တီးရီးယားတွေကြောင့် အစာခြေမှုကောင်းစေပြီး ဝမ်းမှန်စေပါတယ်။
သွားဖုံးရောဂါအတွက်လည်း အသုံးဝင်ပါတယ်

နေ့စဉ် ဒိန်ချဉ် ၅၅ ဂရမ်စားတဲ့ လူကြီးတွေဟာ ဒိန်ချဉ်မစားတဲ့ သူတွေထက် သွားဖုံးရောဂါဖြစ်နိုင်ခြေ သိသိသာသာ နည်းကြောင်း ဂျပန်နိုင်ငံမှ သုတေသန ပြုလုပ်ချက်အရ သိရပါတယ်။ ဒိန်ချဉ်မှာ ပါဝင်တဲ့ လက်တစ်အက်စစ်ဟာ သွားဖုံးရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားရန်မှ သွားဖုံးကို ကာကွယ်ပေးတာကြောင့်လို့ ဆိုပါတယ်။

၂.သံလွင်ဆီ (Extra Virgin Olive Oil)
ကိုလက်စထရောကျဖို့ အသုံးပြုနိုင်ပါတယ်
- ထောပတ်အစားထိုး အသုံးပြုနိုင်ပြီး ဝမ်းဗိုက်အဆီတွေကို လျော့သွားစေနိုင်ပါတယ်။

အမြင်အာရုံသန်စွမ်းဖို့လည်း အသုံးပြုနိုင်ပါတယ်
သံလွင်ဆီမှာပါဝင်တဲ့ အိုမီဂါသရီးဖက်တီး အက်စစ်တွေဟာ အသက်အရွယ်ကြောင့် ဖြစ်လာမယ့် မက်ကူလာ ပျက်စီးယိုယွင်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။
သံလွင်ဆီကို အများဆုံး စားသုံးသူ (တစ်ပတ်ကို အနည်းဆုံး ထမင်းစားဇွန်း ခုနစ်ဇွန်း) တွေဟာ သံလွင်ဆီတစ်ပတ်ကို ထမင်းစားဇွန်း တစ်ဇွန်းစာတောင် မစားသူတွေထက် အသက်အရွယ်ကြောင့် မက်ကူလာ ပျက်စီးယိုယွင်းမှုဖြစ်နိုင်ခြေ ထက်ဝက်ခန့် လျှော့ချနိုင် တယ်လို့ သြစတြေးလျ တက္ကသိုလ်မှ သုတေသီတွေက ဖော်ပြထားပါတယ်။

၃.အညိုရင့်ရောင်ချောကလက် (Dark Chocolate)
နှလုံးသွေးကြောရောဂါ ကာကွယ်ဖို့အတွက် အသုံးပြုပါတယ်
- အညိုရင့်ရောင် ချောကလက်ကို အပတ်စဉ် အနည်းငယ်စားတာကြောင့် နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

နေရောင်ကြောင့် အရေပြားပျက်စီးမှုမရှိအောင်လည်း ကာကွယ်နိုင်ပါတယ်
အညိုရင့်ရောင် ချောကလက်ဟာ အရေပြားကို နေရောင်ခြည်ကလာတဲ့ ဒုက္ခပေးနိုင်တဲ့ UV rays ဒဏ်မှ ကာကွယ်ပေးနိုင်တယ်လို့ အရေပြားအလှအပဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ချောကလက်မှာ ပါဝင်တဲ့ Flavonoids နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ အရေပြားမှ အရေးကြောင်းတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပြီး နေရောင်ခြည်နဲ့ ထိတွေ့မှုများတာကြောင့် ဖြစ်တဲ့အရေပြားကင်ဆာ ဖြစ်နိုင်ခြေ နည်းအောင် လျှော့ချပေးနိုင်ပါတယ်။
Ref : Good Health

0 comments:

Post a Comment