Wednesday, August 1, 2012

ဆေးဝါးနှင့် ဖျော်ရည်တွဲသောက်လျှင်

ဂရိတ်ဖရုဖျော်ရည်သည်ခန္ဓာကိုယ်မှဆေးဝါးစုပ်ယူနိုင်မှုပမာဏကိုအနှောင့်အယုက်ဖြစ်စေနိုင်ရုံမျှမကလိမ္မော်ရည်၊ပန်းသီးဖျော်ရည်များ သည် ပင်အချို့သောဆေးဝါးများ၏ အကျိုးသက်ရောက်နိုင်မှုကို ကျဆင်းစေတတ်ကြောင်း တွေ့ရှိချက် တစ်ရပ်ကဆိုသည်။ များစွာသောသစ်သီးဖျော်ရည်များသည်ကင်ဆာနှင့် နှလုံးရောဂါတွင် ဆေးဝါးနှင့် အတွေ့မှာ ကောင်းကျိုးထက် အသက်အန္တရာယ်ရှိသော ဆိုးကျိုးများဖြစ်စေသည်ဟုမကြာခင်ကပြုလုပ်ခဲ့သောလေ့လာမှုတစ်ခုကဆိုသည်။
တစ်ခါတစ်ရံ ထိုဖျော်ရည်များကြောင့်ပင် ဆေးအာနိသင်တစ်ဝက်မျှပဲ ရစေတတ်၏။ အစဉ်အဆက် သုတေသနပြုမှုများတွင် ဂရိတ်ဖရု အချိုရည်သည် အချို့ဆေးများကို ဆိုးဆိုးရွားရွားပြင်းထန်စေတတ်ကြောင်း သိရသည်။ သို့ဆိုလျှင် ဆေးကို မည်သို့သောက်မည်နည်း။ ရှင်းပါသည်။ ဆေးကို ရိုးရိုးရေနှင့်သာ သောက်သင့်ပါကြောင်း။Ref: Good Health
သွေးလွှတ်ကြောများကျုံ့ဆန့်နိုင်စွမ်းဆိုသည်မှာ
ကြမ်းပြင်ပေါ်တွင် ခြေထောက်ဆင်းထိုင်ပြီး မိမိ၏ခြေချောင်းများကို မည်မျှအထိ ထိနိုင်သည်ကို စစ်ဆေးကြည့်ပါ။ အကယ်၍ သင်သည်အသက် ၄၀ နှင့် အထက်ဖြစ်ပြီး သင့်ခြေချောင်းများကို လက်များကကျော်လွန်သွားမည်ဆိုပါက သင့်သွေးလွှတ်ကြောများ၏ ကျုံ့ဆန့်နိုင်အားစွမ်းရည်များရှိနေ၊ ကောင်းနေသေးသည်ကို ပြသည်ဟုဆိုပါသည်။ သွေးလွှတ်ကြောများ ကျုံ့ဆန့်နိုင်အားနည်းလာပြီး သွေးကြောများမာလာလျှင် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ (ဥပမာ- လေဖြတ်ခြင်း၊ နှလုံးကိုတိုက်ခိုက်ခံရခြင်း)များ ရနိုင်ခြေရှိပါသည်။
ခန္ဓာကိုယ်ပျော့ပျောင်းမှုနှင့် သွေးကြောများ တင်းမာမှု မည်သို့ဆက်စပ်မှုရှိကြောင်း သေချာမသိသေးသော်လည်း ဖြစ်နိုင်ခြေရှိသည့် သီအိုရီတစ်ခုမှာမူ ခန္ဓာကိုယ်ပျော့ပျောင်းမှုရှိသူများက အကြောဖြေလျော့ လေ့ကျင့်ခန်းများလုပ်သည့်အတွက်ကြောင့် သွေးကြောများ တင်းမာမှုကို လျော့နည်းစေပြီး သွေးကြောများ၏ ကျုံဆန့်နိုင်စွမ်းရည်များရှိနေသေးခြင်းကြောင့်ဟု ဆိုပါသည်။ သို့သော် ခန္ဓာကိုယ်ပိုမိုပျော့ပျောင်းလေလေ သွေးလွှတ်ကြောများ တင်းမာမှု ပိုမိုလျော့လေလေဆိုသည့် တိုက်ရိုက် ကျိုးကြောင်းဆက်နွှယ်မှု ရှိမရှိဆိုသည့်အချက်မှာမူ ရှင်းလင်းစွာမသိရသေးဟု ဆိုပါသည်။

Ref: Good Health

0 comments:

Post a Comment