Wednesday, August 1, 2012

သင့်အစာကသင့်ကို ဘယ်လောက်ထိ ကျန်းမာရေးကောင်းစေနိုင်သလဲ

၁။ ကိုလက်ထရောအဆင့် လျော့ကျစေရန်
အနီရောင်ငရုပ်သီး သို့မဟုတ် အစိမ်းရောင် ငရုပ်သီး

၂။ အသက်ကြီး အတိတ်မေ့ရောဂါ မဖြစ်အောင်ကာကွယ်ဖို့
ဗာဒံသီး (သို့) မြေပဲ
၃။ နားမကြားဖြစ်မှာကို ကာကွယ်ဖို့
အစိမ်းရောင် ပန်းဂေါ်ဖီ(သို့) ဟင်းနုနယ်

၎။ သွေးဖိအား ပုံမှန်ဖြစ်နေဖို့
အဆီပါဝင်မှုနည်းသော ဒိန်ချဉ် (သို့) ဒိန်ခဲ

အဖြေများ
၁။ အနီရောင်ငရုပ်သီး
နှလုံးကျန်းမာရေးကောင်းစေတဲ့ ဗီတာမင်C နှစ်ဆပါဝင်ပါတယ်။ နောက်ဆုံးလေ့လာမှုတွေအရ နေ့စဉ် ၅၀၀မီလီဂရမ်စားရင် ခန္ဓာကိုယ်တွင်း မကောင်းတဲ့ကိုလက်ထရောနဲ့ triglyceridesတွေ သိသိသာသာ လျော့ကျသွားနိုင်ပါတယ်။

၂။ ဗာဒံသီး
ဗီတာမင်E ပါဝင်မှု သုံးဆပိုပါတယ်။ နေ့စဉ် ရှစ်မီလီဂရမ်စားရင် သက်ကြီးအတိတ်မေ့ရောဂါ (alzheimer’s) ဖြစ်နိုင်ခြေ ၆၇ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။

၃။ ဟင်းနုနယ်
ဖောလိတ်ပါဝင်မှု နှစ်ဆပိုပါတယ်။ အမျိုးသားပေါင်း ၂၆၂၇၃ယောက်ကို လေ့လာရာမှာ ဟင်းနုနယ်စားသူတွေမှာ နားမကြားရောဂါ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့သွားတာတွေ့ရပါတယ်။

၎။ အဆီနည်းဒိန်ချဉ်
ကယ်လ်ဆီယမ်ပါဝင်မှု သုံးဆပိုပါတယ်။ နေ့စဉ် ၁၀၀၀ မှ ၁၂၀၀ မီလီဂရမ်ရရှိရင် သွေးဖိအားကို ၄၀ရာခိုင်နှုန်းထိ လျော့ချနိုင်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။


Ref: Good Health

0 comments:

Post a Comment