2013/01/02
မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီး လိုအပ်ချက်ကြောင့် ဆန္ဒဖော်ထုတ်မှု
ဖြစ်ပွားခဲ့သည့် ၂၀၁၂ ခုနှစ်ကို အခြေခံ တွက်ချက်မှုအရ နွေကာလအတွင်း
လျှပ်စစ်မီး လိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းအထိ ရှိနေကြောင်း
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ ဥက္ကဋ္ဌဦးအောင်ခိုင်က
ပြောသည်။
၂၀၁၂ခုနှစ် နွေကာလအတွင်း အမြင့်ဆုံး ဓာတ်အားသုံးစွဲမှု ၁၇၉၀ မဂ္ဂါဝပ်အား
အခြေခံတွက်ချက် မှုအရ လာမည့် ၂၀၁၃ ခုနှစ် နွေရာသီတွင် ဓာတ်အားလိုအပ်ချက်
ပမာဏ ၂၀၆၀ မဂ္ဂါဝပ်၊ ၂၀၁၄ ခုနှစ် နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏ ၂၃၇၀
မဂ္ဂါဝပ်၊ ၂၀၁၅ခုနှစ် နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏ ၂၇၂၅ မဂ္ဂါဝပ်နှင့်
၂၀၁၆ ခုနှစ် နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏ ၃၁၃၀ မဂ္ဂါဝပ်အထိ
ရှိလာမည်ဖြစ်ကြောင်း ၎င်း၏ အဆိုအရ သိရသည်။
အဆိုပါ လျှပ်စစ်မီး လိုအပ်ချက် ၁၅ ရာခိုင်နှုန်းအား ဖြည့်ဆည်းနိုင်ရန်
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ နှစ်စဉ်စီမံကိန်း အသစ်များ
ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းသစ်များအရ ၂၀၁၅ ခုနှစ်မှ
စတင်ကာ နွေကာလအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ထက် ကျော်လွန်သည့် ဓာတ်အား
ပမာဏ ဖြည့်စွမ်းပေးနိုင်မည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက် ပြောကြားသည်။
၂၀၁၃ ခုနှစ် နွေရာသီအတွင်း မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား
လိုအပ်ချက်မှာ ၂၀၆၀ မဂ္ဂါဝပ်ဖြစ်ပြီး လက်ရှိ ထုတ်လုပ် ရရှိနိုင်သည့် မဂ္ဂါဝပ်
စုစုပေါင်းမှာ ၁၅၅၁ မဂ္ဂါဝပ်သာ ဖြစ်သဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ
ဓာတ်အားလိုအပ်ချက်၏ ၇၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း
သိရသည်။
၂၀၁၃ ခုနှစ် နွေရာသီ အတွင်း လက်ရှိ လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ၅၀၉
မဂ္ဂါဝပ်အား ဖြည့်ဆည်းနိုင်ရန် သောက်ရေခပ်-၂၊ လှော်ကား၊ ရွာမ၊ သာကေတ၊ အလုံ
စသည့်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများမှ ၃၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန်
စီစဉ်ထားကြောင်း သိရသည်။
ကျန်လိုအပ်နေသည့် ဓာတ်အားပမာဏ ၂၁၉ မဂ္ဂါဝပ်ကို ဖြည့်တင်းနိုင်ရန်
စက်မှုဇုန်များအား အချိန်ပိုင်း ဓာတ်အားလျှော့ခြင်း၊ အစိုးရပိုင်
စက်ရုံများ၊ မြစ်ရေတင်များအား ဓာတ်အားအသုံးများသည့် အချိန် ညနေ ၅ နာရီမှ ၁၁
နာရီအထိ ဓာတ်အားပိတ်ခြင်း၊ စက်မှုလက်မှု လုပ်ငန်းများ မရှိသည့်
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ငယ်များအား နေ့ဘက် ဓာတ်အားပိတ်ခြင်း၊
မြို့ကြီးအချို့တွင် တစ်မဂ္ဂါဝပ် မီးစက်များ အသုံးပြု၍ ဓာတ်အား
ဖြည့်တင်းပေးမည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ၂၀၁၃ ခုနှစ် နွေရာသီအမီ ဓာတ်အားထုတ်လုပ်နိုင်မည့် စီမံကိန်းများ (မဂ္ဂါဝပ်)
စဉ် စက်ရုံအမည် စက်တပ်ဆင်အင်အား နွေရာသီ မိုးရာသီ
၁။ သောက်ရေခပ်-၂ ၁၂၀ ၁၀၀ ၁၂၀
၂။ လှော်ကား(ဇေယျ) ၅၀ ၅၀ ၅၀
၃။ ရွာမ(မြန်ရွှေပြည်) ၅၀ ၅၀ ၅၀
၎။ သာကေတ() ၅၀ ၅၀ ၅၀
၅။ အလုံ() ၈၀ ၄၀ ၈၀
(ပ-အဆင့်)
စုစုပေါင်းထုတ်လုပ်နိုင်မည့် မဂ္ဂါဝပ် ၃၅၀ ၂၉၀ ၃၅၀
ELVEN Media
0 comments:
Post a Comment