ဒုတိယအကြိမ်မြောက် CNF နဲ့ ပြည်ထောင်စု အစိုးရတို့ ယနေ့ ဒီဇင်ဘာ ၀၇
ရက်နေ့ နံနက် ၁၀း၀၀ နာရီမှ စတင်ပြီး ရန်ကုန်မြို့၊ အမှတ် – ၁၁၊
ရွှေလီလမ်းတွင် ငြိမ်းချမ်းရေး ဆွေးနွေးကြပြီ ဖြစ်သည်။
အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီမှ
ဦးအောင်မင်း (ပြည်ထောင်စု ၀န်ကြီး)၊ ဦးစိုးသိန်း ( ပြည်ထောင်စု
ဝန်ကြီး)၊ ဦးဝင်းထွန်း ( ပြည်ထောင်စု ၀န်ကြီး)၊ ဦးအုန်းမြင့်
(ပြည်ထောင်စု ၀န်ကြီး)၊ ဦး ဟုန်း ငိုင်း ( ၀န်ကြီးချုပ်၊
ချင်းပြည်နယ်အစိုးရအဖွဲ့)၊ ဗိုလ်ချုပ်ဇော်ဝင်း ( ဒုတိယ၀န်ကြီး၊
နယ်စပ်ရေးရာဝန်ကြီးဌာန)၊ ဦးထွန်း ထွန်းဦး (ဒုတိယရှေ့နေ ချုပ်၊
ပြည်ထောင်စု ရှေ့နေချုပ်ရုံး)၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း
(ကာကွယ်ရေးဦးစီးချုပ်ရုံး)၊ ဗိုလ်မှူး ကြီး ဇော်မင်းဦး (လုံခြုံရေးနှင့်
နယ်စပ်ရေးရာ ၀န်ကြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့)၊ ဗိုလ်မှူးကြီး
ကျော်သန့်နိုင်( စစ်ဦးစီးမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်)၊
ဦးငွန်မောင်း ( ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (ဟားခါး)၊ ဦးပေါလ်လျန်လွင် (
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ချင်းပြည်နယ်) တို့ပါဝင်ကြမှာဖြစ်သည်ဟု
သိရသည်။
CNF ဖက်မှ Pu Zing Cung ( အထွေထွေအတွင်းရေးမှူးချုပ်၊
အဖွဲ့ခေါင်းဆောင်)၊ Pu Thomas ThangNou ( အဓိပတိ ကောင်စီဝင်၊
ဒုတိယအဖွဲ့ခေါင်းဆောင်)၊ Pu Paul Sitha ( အထွေထွေ အတွင်းရေးမှူး – ၁)၊ Dr.
Suikhar (အထွေထွေ အတွင်းရေးမှူး – ၂)၊ Salai Kipp Kho Lian (အလှည့်ကျ ဥက္ကဌ –
၂) ၊ Dr. Lian Hmung Sakhong ( အဓိပတိကောင်စီ ၀င်)၊ Pu Thangyen
( အဓိပတိကောင်စီဝင်)၊ Pu H.C Ral Hnin ( အဓိပတိကောင်စီဝင်) ၊ Pu Zo Tum
Hmung (အဓိပ တိကောင်စီဝင်) ၊ Pu Thang Ning Kee ( အဓိပတိကောင်စီဝင်) ၊ Pu
Bernard L. Chhangte( အဓိပတိ ကောင် စီဝင်) Pu Thawng Za Lian (ဥက္ကဌ၊
စစ်ရေးရာကော်မီတီ)၊ Colonel Solomon (အတွင်းရေးမှူး၊ စစ်ရေးရာ ကော်မီတီ)
Salai Thla Hei (ဗဟိုအလုပ် အမှုဆောင်ကော်မီတီဝင်)၊ Pu Hau kang (
ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင်)၊ Colonel Than Tun ( ဒုတိယ စစ်ဦးစီးချုပ်)
Major Sang Lian Thang ( အမှတ် -၁ ဗျူဟာမှူး)၊ Major Kha Pawng( အမှတ် – ၂
ဗျူဟာမှူး) ၊Pu Ngai Ja Thang ( ဗဟိုကော်မီတီဝင်) တို့ပါဝင် ကြကြောင်း
သိရသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို Myanmar peace Center တွင်
ပြုလုပ်ကြမည်ဖြစ်ပြီး Myanmar Peace Center အဖွဲ့မှ ဦး တင်မောင်သန်း၊
ဦးလှမောင်ရွှေ၊ ဦးကျော်စိုးလှိုင်၊ ဒေါက်တာ မင်းဇော်ဦး၊
ဒေါက်တာကျော်ရင်လှိုင်၊ ဦးသီဟန်မျိုးညွန့်၊ ဦးအောင်နိုင်ဦး၊ ဦး နေမျိုး
နိုင်၊ ဗိုလ်မှူးကြီး ချစ်ကိုကို၊ ဦးတင်အောင်မိုး တို့လည်းပါဝင်ကြမည်ဟု
သိရသည်။
ထို့အပြင် စီအဲန်အက်ဖ် ဖက်မှ လေ့လာသူအဖြစ် ဖိတ်ကြားထားသည့် Kristine
Gould (PACRIM Research Associates, USA) ၊ Mr. Yohei Sasakawa (Chairman,
Nippon Foundation, Japan)၊ Mr. Yiji Mori (Nippon Foundation, Japan) ၊
Ms. Suzuka Yoshida (Nippon Foundation, Japan) Charles Petrie (Myanmar
Peace Support Initiative –MPSI ) တို့အပြင် Mai Chin Chin (Shalom
Foundation, Yangon) ၊ Salai Bawi Lian Mang (Director, CHRO) တို့လည်း
ပါဝင်တက်ရောက်ကြမှာဖြစ်သည်။
အလားတူ အစိုးရဖက်မှ လေ့လာသူများအဖြစ် ဦးခွန်ထွန်းဦး၊ ဒေါ်သန်းသန်းနု၊
ဒေါ်ချိုချိုကျော်ငြိမ်း နှင့် NDF မှ ခေါင်း ဆောင်တဦးတို့ အပြင်
နိုင်ငံခြားသံရုံးမှ ၁၂ ဦး တက်ရောက်ကြမည်ဟု သိရ သည်။
ဦးသိန်းစိန်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီး၏
ငြိမ်းချမ်းရေးဆွေးနွေး ပွဲများ အနက် ပြည်တွင်း ပြည်ပမှ
လေ့လာသူအများဆုံးတက်ရောက်သည့် တွေ့ဆုံဆွေးနွေးပွဲဖြစ် သည်ဟု ပြောကြသည်။( khonumthung )
0 comments:
Post a Comment