၂၀၁၃ ခုနှစ် စက်တင်ဘာလ (၁၄-၁၇) ရက်နေ့များအတွင်းတွင် နေပြည်တော်၌
ကျင်းပပြုလုပ်ခဲ့သော National Boxing Championship ပြိုင်ပွဲတွင်
ချင်းအမျိုးသမီး Mai Nelly Bawi Nei Sin မှ ပထမဆုတံဆိပ် အား
ဆွတ်ခူးနိုင်ခဲ့သည်ဟု သိရသည်။
မိုင်နယ်လီသည် ယနေ့ စက်တင်ဘာလ (၁၇)
ရက်နေ့တွင် ကျင်းပသော (၅၄) ကီလိုတန်း၏ ဗိုလ်လုပွဲတွင် ပြိုင်ဘက်-
မအေးမြတ်လွင်အား အနိုင်ရရှိခဲ့ကာ ပထမတံခွန်စိုက်ဆုနှင့် ဆုကြေးငွေ ကျပ်
(၂၀၀၀၀၀) အား ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ် သည်။
ပထမဆုဆွတ်ခူးနိုင်ခြင်းနှင့် စပ်လျဉ်း၍- Mai Nelly မှ- “ ပထမဆုရတဲ့အတွက်
ဝမ်းသာ ပါ တယ်။ လာမယ့် Seagames ပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့အတွက်
ဆုတောင်းခြင်းနဲ့ ကူညီပေးကြဖို့ကို မေတ္တာရပ်ခံလိုပါတယ်” ဟု Chin World
သို့ပြောသည်။
Mai Nelly သည် ၂၀၁၃ ခုနှစ် ဂျူလိုင်လ (၁၈) ရက်မှ
သြဂုတ်လ (၁၄) ရက်နေ့များအတွင်းတွင် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ
စေလွှတ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လေ့ကျင့်သည့် ပဏမမြန်မာ့
လက်ရွေးစင်လက်ဝှေ့အဖွဲ့တွင် တစ်ဦးအပါအ၀င်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် Sadaw ရွာမှ Pu Than Ceu နှင့် Pi
Hrang Nei Kil တို့၏ သမီးငယ် Mai Nelly Bawi Nei Sin သည် ၂၀၀၉ ခုနှစ်တွင်
လက်ဝှေ့အားကစားအား စတင်ကစားခဲ့ပြီး၊ တူရကီနိုင်ငံတွင် ကျင်းပပြုလုပ်သော
ကမ္ဘာ့လူငယ်လက်ဝှေ့ ပြိုင်ပွဲတွင် မြန်မာနိုင်ငံအား ကိုယ်စားပြုခဲ့ပြီး
ပထမအဆင့်တွင် ရိုမေးနီးယားနိုင်ငံသူအား ရှုံးနိမ့်ခဲ့သည်။
ပြည်တွင်းပြိုင်ပွဲများတွင် ဆုတံဆိပ်များအလီလီဆွတ်ခူးနိုင်ခ
0 comments:
Post a Comment