Wednesday, August 1, 2012

ဗီတာမင်ကေကို ဘယ်လိုရရှိနိုင်သလဲ

ဗီတာမင်ကေကို အရင်းအမြစ်နှစ်မျိုးကနေ ရနိုင်ပါတယ်။ အစားအသောက်၊ အထူးသဖြင့် ဟင်းသီးဟင်းရွက်နဲ့ အူထဲမှာရှိတဲ့ ပုံမှန် ဘက်တီးရီးယားတွေ ကနေ ရနိုင်တာပါ။ ဘက်တီးရီးယားကို သေစေတဲ့ ပဋိဇီဝပိုးသတ်ဆေး (Antibiotics) မမှီဝဲဘူးဆိုရင် ဘက်တီးရီးယားကနေ ရတဲ့ ဗီတာမင်က ပမာဏက ပုံမှန်ပါပဲ။ အစားအသောက်ကနေရတဲ့ ဗီတာမင်ကေ ပမာဏကတော့ စားသောက်တဲ့ အစားအသောက်ပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ အစိမ်းရောင် အရွက်များတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ကေ အများအပြား ပါဝင်နေပါတယ်။ ဗီတာမင်ကေများစွာ ပါဝင်တဲ့ အရွက်တွေက ဟင်းနုနယ်ရွက်၊ မုန်ညင်းစိမ်း၊ ရွက်လိပ်ဂေါ်ဖီထုပ်၊ မုန်လာဥဖြူ၊ ရေကညွတ်စတာတွေပဲ ဖြစ်ပါတယ်။ တခြားဟင်းသီးရွက်တွေ ကနေလည်း ဗီတာမင်ကေကို ရရှိနိုင်တဲ့ အတွက် စားသုံးသင့်ပါတယ်။ Ref: Good Health
ဗီတာမင် ဘီဝမ်းဆိုတာ ဘာလဲ။
ဗီတာမင် ဘီဝမ်းဆိုတာ ဘာလဲ။ ဗီတာမင် ဘီဝမ်းကို သိုင်ယာမင်း (Thiamine) လို့ခေါ် ပါတယ်။ သူက ကစီ ဓာတ်တွေကို ဖြိုခွဲ ဖျက်ဆီး တဲ့ဖြစ်စဉ်မှာ အကူ ပစ္စည်း Co-Enzyme အဖြစ် ဆောင် ရွက်ပေးပါတယ်။Acetylcholine တွေ ဖြစ်ပေါ်လာဖို့အတွက်လည်း ဘီဝမ်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ Acetylcholine ဆိုတာကတော့ Peripheral nervous system နဲ့ Central nervous system မှာ neurone တစ်ခုနဲ့တစ်ခုကြားမှာသတင်းအချက်အလက်တွေသယ်ယူပို့ဆောင်ပေးတဲ့neurotransmitterအဖြစ်ဆောင်ရွက်ပေးတဲ့အရာဖြစ်ပါတယ်။

BeriBeriသူငယ်နာရောဂါဆိုတာဘာလဲ။

ဘယ်ရီဘယ်ရီဟာ ကလေးငယ် အသက် ၂ လမှ ၃ လအတွင်း တွေ့ရ လေ့ရှိပါတယ်။ အထူးသဖြင့် နို့တိုက်မိခင် တွေမှာ အမေက ဘီဝမ်းဓာတ်ချို့တဲ့နေခဲ့ရင်နို့စို့ကလေးငယ်တွေမှာသူငယ်နာရောဂါ-BeriBeri-ဖြစ်ပွားနိုင်ပါတယ်။

BeriBeriဘယ်နှမျိုးရှိသလဲ။

၁။ နှလုံးနှင့် ဆက်နွယ်သော Cardiac Form ကလေးငယ်ဟာ အကောင်းကြီးက နေ ရုတ်တရက် ပြာနှမ်းလာတတ်ပါ တယ်။ ကလေးဟာ မောပန်းနေပြီး နှလုံး ခုန်နှုန်းတွေဟာလည်း မြန်နေပါမယ်။ အနည်းဆုံး တစ်မိနစ်မှာ နှလုံးခုန်နှုန်း ၁၀ဝ အထက်မှာ ရှိနေပါမယ်။ ကလေး ဟာ အသက်ရှူတဲ့နေရာမှာ ရှိုက်ရှိုက်ပြီး ရှူနေရခြင်း၊ မျက်နှာဖောင်းလာခြင်း၊ ရောင်ရမ်းလာခြင်း၊ အသည်းကြီးလာခြင်း၊ ဆီးသွားနည်းလာခြင်းတို့နဲ့ တွဲတွေ့ရပါ တယ်။ ၂။ အသံနှင့် ဆက်နွယ်သော Aphonic form ၂၄ နာရီကနေ ၄၈ နာရီအတွင်း မှာ ကလေးဟာ ဆက်တိုက် ငိုလာနေ ရင်းကနေ တဖြည်းဖြည်းအသံတိမ်ဝင်လာ ပြီး နောက်ဆုံး အသံလုံးဝပျောက်သွားပါ မယ်။ ၃။ ဦးနှောက်နှင့် ဆက်နွယ်နေသော Pseudomeningitic form ဂနာမငြိမ်ဖြစ်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ မေ့မြောနေခြင်းတို့နဲ့တွဲတွေ့ရပါတယ်။

BeriBeriမှန်းဘယ်လိုသိနိုင်မလဲ။

၁။ ဘီဝမ်းတိုက်ကျွေးကြည့်ခြင်း (ယေဘုယျအခြေအနေပြန်ကောင်းလာ မယ်၊ နှလုံးခုန်နှုန်းပုံမှန်ပြန်ဖြစ်သွားမယ်၊ အသည်းအရွယ်အစားပြန်သေးသွားမယ်၊ ၂ နာရီအတွင်း ဆီးပြန်သွားမယ်) ဒါဆိုရင် တော့ ကလေးဟာ ဘီဝမ်းချို့တဲ့လို့ ဘယ်ရီ ဘယ်ရီဖြစ်နေတယ်ပေါ့။
၂။ သွေးစစ်ကြည့်တဲ့အခါမှာLactic acid နဲ့ Pyruvic acid level တွေမြင့်တက်နေခြင်း
၃။သွေးနီဥဆဲလ်Transketolaseလျော့နည်းနေခြင်း

BeriBeriကိုဘယ်လိုကုသမလဲ။

အမေရော ကလေးရော တစ်ပြိုင် တည်း ကုသရပါမယ်။ ကလေးကို Vitamin B1 50 mg ကို အသားဆေးတစ် ကြိမ်ထိုးပေးပြီးနောက်ပိုင်း ပါးစပ်ကနေ ဘီဝမ်းဆက်လက် တိုက်ကျွေးပါတယ်။ အမေကို Vitamin B1 50 mg ပါဝင်တဲ့ ဆေးပြား သို့မဟုတ်B-Complexပါဝင်တဲ့ဆေးပြားတစ်နေ့တစ်ပြားနေ့စဉ်ပုံမှ်တိုက်ကျွေးပါတယ်။

BeriBeriကိုဘယ်လိုကာကွယ်မလဲ။

အမေက အထူးသဖြင့် ဗီတာမင် ဘီဝမ်းပါဝင်တဲ့အစားအစာတွေကို လုံ လောက် မျှတစွာ စားသုံးပေးရပါမယ်။ (ဥပမာ- ဝက်သား၊ မြေပဲ၊ ပဲအမျိုးအမျိုး)။ ဘီဝမ်းဓာတ်ကို ဆုတ်ယုတ်စေတဲ့ ချေဖျက်ပေးတဲ့ Thiaminase ပါရှိတဲ့ ငါး တွေကိုတော့ ရှောင်ရှားရပါမယ်။

Healthcare

0 comments:

Post a Comment