Saturday, August 4, 2012

အသီးအရွက်များကို စားသင့်သော အကြောင်းရင်းလေးချက်

၁။အမျှင်ဓာတ်ရရန်
မိမိတို့ခန္ဓာကိုယ်ကမချေဖျက်နိုင်တဲ့အစားအစာတွေကမိမိတို့ခန္ဓာကိုယ်ကိုအကျိုးပြုနိုင်တယ်ဆိုတာအံ့သြစရာပါပဲ။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အဆီလျှော့ချရာမှာ ကူညီနိုင်သလို ဝမ်းမချုပ်အောင်လည်း ကာကွယ်ပေးပါတယ်။ အမျှင်ပါတဲ့ အစားအစာတွေဟာ ပြည့်အင့်စေတဲ့အတွက် တခြားအစားအစာတွေကို သိပ်မစားဖြစ်တော့ပါဘူး။ အဆီပါဝင်တဲ့အစားအစာတွေကို အနည်းငယ်သာစားတဲ့ အတွက် မကောင်းတဲ့အဆီတွေကို လျှော့ချနိုင်ပါတယ်။

၂။ခန္ဓာကိုယ်ကိုကာကွယ်ရန်
အသားငါးတွေထက်စာရင်အသီးအရွက်တွေအထူးသဖြင့်အစိမ်းရင့်ရောင်အရွက်၊အဝါရောင်အသီးအရွက်၊ ပဲတွေကို ပိုပြီးစားသင့်ပါတယ်။ အသီးအရွက်တွေကို မကြာခဏ အစိမ်းစားပေးရင် သွေးထဲမှာ ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင်ပေးနိုင်တဲ့အရာတွေ မြင့်တက်လာပါတယ်။ ဗီတာမင်စီ၊ အီး၊ ဖောလစ်အက်စစ်၊ လိုင်ကိုပင်း၊ အယ်လ်ဖာနဲ့ ဘီတာကယ်ရိုတင်းစတဲ့ အာနိသင်ပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ အရွက်တွေ အစိမ်းစားခြင်းဖြင့် တိုးပွားလာပါတယ်။ ယင်းတို့ ရှိနေတဲ့အတွက် Free Radicals တွေကြောင့် ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးပါတယ်။ အသီးအနှံများများစားလေ၊ ကင်ဆာအပါအဝင် အခြားရောဂါတွေဖြစ်နိုင်ခြေ နည်းပါးလေပါပဲ။ အသီးအရွက်တွေ အားလုံးထဲမှာ ပဲအမျိုးမျိုး၊ ငရုတ်၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ပန်းသီး၊ ဆီးသီး၊ သစ်တော်သီး၊ စတော်ဘယ်ရီသီး၊ မက်မွန်သီးတို့ကို ပိုပြီးစားသင့်ပါတယ်။

၃။ကယ်လိုရီပမာဏလျှော့ချရန်
ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့ရည်ရွယ်ထားတဲ့သူတစ်ယောက်ရဲ့အစားအသောက်ဟာအသီးအရွက်တွေသာပထမဦးစားပေးဖြစ်သင့်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းတဲ့ အသီးအရွက်တွေကို ထမင်းမစားခင် ကြိုပြီး စားထားပေးရပါမယ်။ အစားအစာတွေ အားလုံးထဲမှာ များများစားလေ အကျိုးရှိလေဆိုတာ အသီးအရွက်တွေကိုသာ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

၎။ခန္ဓာကိုယ်အတွက်အကျိုးပြုသောပစ္စည်းတို့ကိုပို၍စုပ်ယူစေရန်
အသီးအရွက်တွေကို သံလွင်ဆီ၊ မြေပဲဆီတွေနဲ့ တွဲပြီးစားသုံးပါက ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ အရာတွေကို ပိုမိုစုပ်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကနေ လိုင်ကိုပင်းရဖို့၊ အစိမ်းရင့်ရောင်အသီးအရွက်တွေကနေ Lutein ကိုရဖို့ဆိုရင် ဆီတချို့နဲ့ရောပြီး စားပေးသင့်ပါတယ်။ ဆလတ်ရွက်၊ မုန်လာဥနီ၊ ဟင်းနုနွယ်တို့ကိုစားပြီးတာနဲ့ တစ်ပြိုင်နက် အကျိုးပြုပေးတဲ့ phytochemicals တွေကို ခန္ဓာကိုယ်က စုပ်ယူလိုက်ပါတယ်။ ယင်းတို့ကို တောပတ်သီးနဲ့တွဲပြီး စားပေးပါက ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို ပိုပြီးလျှော့ချနိုင်ပါတယ်။ အလားတူပါပဲ။ မိမိတို့စားသောက်တဲ့ အသီးအရွက်ထဲကို သံလွင်ဆီ ဒါမှမဟုတ် မြေပဲဆီထည့်စားပေးတာက ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ အရာများပိုများလာပြီး ဘဝသက်တမ်း ပိုရှည်နိုင်ပါသေးတယ်။

Ref: Good Health

0 comments:

Post a Comment